Monday, 14 December 2015

အ​လောင်​​တော်​ကဿပခရီးစဉ်​အ​ကြောင်း

===========================
မုံရွာ၊ဒီဇင်ဘာ-၁၁





အလောင်းတော် ကဿဿပသို့ မုံရွာမြို့မှ တဆင့် ယင်းမာပင်-ကပိုင်လမ်းမှလည်းကောင်း၊ တရော်ကျင်း-ကပိုင်လမ်းမှ လည်းကောင်း နှစ်လမ်းသွားလာ နိုင်သည်။
Monywa Gazette
          To Unicode
အလောင်းတော်ကဿပ ဘုရားဖူးလမ်း ယခုလကုန် ဖွင့်မည်
===========================
မုံရွာ၊ဒီဇင်ဘာ-၁၁

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခ၇ိုင်တွင် တည်ရှိသော အလောင်းတော်ကဿပ ဘုရားဖူးလမ်း ဒီဇင်ဘာလ ကုန်တွင် ဖွင်လှစ်မည်ဖြစ်ကြောင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၀င်လမ်းပန်းဆက်သွယ် ရေး ၀န်ကြီးဦးအောင်ဇော်ဦးကပြောသည်။

" ဒီလ ၂၀ ရက်နေ့ တောင်ပေါ်လမ်းတွေ အပြီး ပြင်မယ်၊ဒီနှစ်စောဖွင့်နိုင်အောင်လုပ်ထားတယ်၊ ယန္တားတွေနဲ့  အမြန်လုပ်နေတယ် ၊" ဟု၀န်ကြီးက ဆက်ပြောသည်။

အလောင်းတော်ကသဿပ ဘုရားဖူး ရာသီသည် နှစ်စဉ် ပွင့်လင်းရာသီ ဒီဇင်ဘာ လကုန်မှ  ဧပြီလ အထိ ဖြစ်ပြီး သင်္ကြန်ပွဲတော် အပြီးတွင် ရာသီဥတု အခြေအနေကြည့် ပိတ်လေ့ရှိ ကြောင်းသိရသည်။

"လမ်းစ ဖွင့်တာနဲ့ပြေးဖို့တော့လုပ်ထားတယ်၊ ရန်ကုန်ကလည်းမေးနေကြပြီ၊  မနှစ်က လမ်းပိတ် ချိန်နီးမှကားတွေလိုက်ရတာများတယ်၊ကိုယ်ပိုင် ကားတွေ နဲ့တက်ကြတာ များတော့ ဂိတ်တွေက
ရန်ကုန်ကားတွေ ပဲ အားကိုးပြီးဘုရားဖူး လိုက်နေရတာ"ဟုမုံရွာမြို့အခြေစိုက် ဦးညို၀င်းနှင့်ရောင်းရင်းများ ဘုရားဖူး ပို့ ဆောင်ရေးကားအသင်းမှ တာ၀န်ရှိသူက ပြောသည်။

အလောင်းတော် ကဿဿပသို့ မုံရွာမြို့မှ တဆင့် ယငး်မာပင်-ကပိုင်လမ်းမှလည်းကောင်း၊ တရော်ကျင်း-ကပိုင်လမ်းမှ လည်းကောင်း နှစ်လမ်းသွားလာ နိုင်သည်။
Link မှကူးယူဖော်ပြအပ်ပါသည်။
Monywa Gazette
https://m.facebook.com/story.php?story_fbid=466109543574183&id=462721610579643

No comments:

Post a Comment